Local News

“အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ကမ္ဘောဇဘဏ်မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပခြင်း

Last Updated:

မြန်မာနိုင်ငံမှ အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်များအား ပြည်ပပို့ကုန် အလားအလာရှိသော တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်အရည်အသွေးမီ ထုတ်လုပ်နိုင်ရန်နှင့် ထုတ်လုပ်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများအတွက်လိုအပ်သည့် အရင်း အနှီးနှင့် ငွေကြေး ထောက်ပံ့မှုများ ရရှိနိုင်ရေး၊ အွန်လိုင်း ငွေပေးချေမှုစနစ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဒီဂျစ်တယ် ကုန်သွယ်မှု မြင့်မားတိုးတက်လာစေရေး၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ရည်ရွယ်၍ “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းရှင်များနှင့် ကမ္ဘောဇဘဏ်မှ တာဝန်   ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ””ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက် နေ့၊ နေ့လယ် ၁၃:၃၀ နာရီ အချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ Hybrid System ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊နေပြည် တော်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများအပါဝင် In Person ဖြင့် တက်ရောက်သူ (၁၁၆) ဦး၊ Virtual System ဖြင့်(၃၅)ဦး၊ စုစု ပေါင်း(၁၅၁)ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ကမ္ဘောဇဘဏ် SME ချေးငွေ ဌာနမှ ကိုယ်စားလှယ်က SME ချေးငွေ လုပ်ငန်းရှင်များနှင့် ဆက်စပ်သည့်  KBZ   Bank Product များအကြောင်းနှင့်မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးထွန်းနိုင်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ Digital e-Commerce Platform အကြောင်း မိတ်ဆက်တင်ပြခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များအားမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက နိဂုံးချုပ်အမှာစကားပြောကြား၍ ညနေ ၁၆:၀၀ နာရီအချိန်တွင် ဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Category: Local News